ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီတို့၏ စစ်လက်နက်ကြီးများ အပိုင်း (၂)

in #weapons6 years ago

The Panzer VIII Maus
download_1509533571228.jpg
download (1)_1509533571177.jpg
ယနေ့ခေတ်တွင် ပြိုင်ကားများထုတ်လုပ်သော Porsche ကုမ္ပဏီမှ Ferdinand Porscheကဒီဇိုင်းထုတ်လုပ်ရေးဆွဲပေးသော The Panzer VIII Maus သံချပ်ကာ ကားမှာ နာဇီဂျာမန်တို့တည်ဆောက်သော အစွမ်းထက်စစ်လက်နက် များအနက် တစ်ခုအပါအဝင်ဖြစ်သည်...ထိုသံချပ်ကာ ကားကြီး ၏အလေးချိန်မှာ 145တန်ခန့်ရှိတာကြောင့် တံတားများကို ဖြတ်ကျော်ရန် အခက်အခဲရှိသကဲ့သို့ ခပ်ဝေးဝေးရောက်အောင်လည်း မသွားနိုင်ချေ...ထိုကြောင့် မြစ်ကြီးများ နှင့် ရေကန်ကြီးများကို ဖြတ်သန်းသွားလာရန်အတွက် ထိုသံချပ်ကာကားကို ဒီဇိုင်းပုံစံ ပြန်ရေးဆွဲထုတ်လုပ်ခဲ့သည်...ယခုတစ်ကြိမ်တွင်လည်း အဆိုပါ သံချပ်ကာကားမှာ ရေအနက် ၄၅ ပေခန့် အထိသာ ဖြတ်သန်းနိုင်စွမ်းသာရှိသောကြောင့် ထိုစီမံကိန်းကို ဖျက်သိမ်းခဲ့ရသည်...အဆိုပါ ရှေ့ပြေးပုံစံ သံချပ်ကာ ကားများကို နာဇီတို့၏ ရန်သူများက ဖမ်းဆီးရမိပြီး ဖျက်စီးပစ်ခဲ့ကြလေသည်.
The Fritz X Guided Anti-Ship Glide Bomb
download_1509533139093.jpg
images_1509533138981.jpg
The Fritz X Guidef Anti-Ship Glide Bombကို ၁၉၄၃ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအတောအတွင်း မြေထဲပင်လယ်အတွင်းရှိ ရန့်သူသင်္ဘောများကို တိုက်ခိုက်ရန် ဒီဇိုင်းတီထွင်ထုတ်လုပ်ခဲ့သည်...အဆိုပါ The Fritz X Guided Anti-Ship Bombပုံစံကို ယနေ့ နည်းပညာများဖြင့်အဆင့်မြင့်ကာ
ကမ္ဘာ့အရပ်ရပ်ရှိတပ်မတော်ကြီးများတွင် အသုံးပြုလျက်ရှိသည်...စမတ်ဗုံးဟုခေါ်သော ဗုံးကို လေယာဉ်ပေါ်မှ ကြဲချလိုက်ပြီးနောက် အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်ကာ ထိုဗုံး၏ပျံသန်းမှုလမ်းကြောင်းကို ပြောင်းလဲသွားအောင် ညွန်ကြားခိုင်းစေနိုင်သောဗုံ့းဖစ်သည်...ထို စမတ်ဗုံးကို ပစ်မှတ်ကိုတိကျစွာချေမှုန်းနိုင်သောကြောင့် ပစ်မှတ်အနီးပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးနိုင်ချေ နည်းပါးသည်...ရန်သူတို့အနေဖြင့် နာဇီဂျာမန်တို့၏ စမတ်ဗုံးမှာ လေထဲတွင် လမ်းကြောင်းပြောင်းလဲသွားပြီး ပစ်မှတ်ကိုအကြီးအကျယ်ပျက်စီးသွားစေသည်ကို ရန်သူတို့တွေ့ရသဖြင့် အကြီးအကျယ်တုပ်လှုပ်သွားစေသည်...ထိုခေတ်ထိုအခါက စမတ်ဗုံးကို Joy Stick ရေဒီယိုလှိုင်းထိန်းချုပ်မှု စနစ်ဖြင့် အသုံးပြုရသော စမတ်ဗုံးအသစ်ဖြစ်ခြင်းကြောင့် ရန်သူတို့မှာ အဆိုပါစမတ်ဗုံးကို တွေ့လိုက်ရသည်နှင့် ထိတ်လန့်တုပ်လှုပ်ခြောက်ခြားသွားကြသည်...
The Rocket U-Boat
download_1509454292308.jpg
download (1)_1509454292233.jpg
နာဇီဂျာမနီတို့သည် ဒုတိယကမ္ဘာစစ်ကာလာအတွင်းက အမေရိကန်တို့ကို တိုက်ခိုက်နိုင်ရန်အတွက် အစွမ်းထက်စစ်လက်နက်ကြီးများ တည်ဆောက်လေး စီမံကိန်းများကို ကြိုးပမ်းအားထုတ်ခဲ့ကြသော်လည်း အောင်မြင်မှု မရှိခဲ့ပေ...ထိုအထဲမှ The Rocket U-Boatသည် ဂျာမနီတို့၏ တစ်မှုထူးခြားသော စီမံကိန်းတစ်ခုဖြစ်သည်...ထို Rocket U-Boatမှာ ရေငုပ်သင်္ဘော၏အမည်ဖြစ်ပြီး ဒုံးကျည်ပစ်စင်များတည်ဆောက်ထားသည်...သို့ရာတွင် Rocket U-Boat ကိုစနစ်တကျတည်ဆောက်ထားခြင်းမရှိသဖြင့် ရေကြောင်းလမ်းများတွင် အဆင်ပြေစွာသွားလာခုတ်မောင်းနိုင်စွမ်းမရှိချေ...ထိုရေငုပ်သင်္ဘောတွေတပ်ဆင်ထားသော V-2 Rocketများမှာ အနည်းငယ်ပိုမိုကြီးမားနေသောကြောင့် ရေငုပ်သင်္ဘောပေါ် တင်ဆောင်နိုင်ခြင်းမရှိပေ...ထိုကြောင့် ဂျာမန်တို့က Type XXI U-Boatရေငုပ်သင်္ဘောကို ထပ်ဆောက်ခဲ့ကြသော်လည်း ဒုတိယကမ္ဘာစစ်ကြီးမပြီးမီ အောက်မြင်စွာ တည်ဆောက်မပြီးစီးခဲ့ချေ....
The V3 Super Gun
maxresdefault.jpg
images_1509454166406.jpg
နာဇီတို့ကThe V3 Super Gun အမြောက်လက်နက်ကြီးများကို တည်ဆောက်ရခြင်း၏ အကြောင်းရင်းများမှာ လန်ဒန်မြိြု့
ီးကို ပစ်ခတ်ချေမှုန်းလိုသောကြောင့် ဖြစ်သည်....ထို့သို့အမြောက်လက်နက်ကြီးကို တည်ဆောက်ရန်ကြိုးပမ်းမှုသည်...ပထအကြိမ်မဟုတ်ချေ...ယခင်ကလည်း ငုင်းတို့သည်V2ကျည်များနှင့် V1ပဲ့ထိန်းဒုံးကျည်ပစ်လေယာဉ်များကိုတည်ဆောက်ပြီး လန်ဒန်မြို့ကြီးကိုဖျက်ဆီးရန်ကြံရွယ်ခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ချေ...The V3 Super Gunအမြောက်လက်နက်ကြီးသည် နာဇီဂျာမမနီတို့တည်ဆောက်သော ဘေးအန္တရာယ်ကြီးမားသည့် အစွမ်းထက်စစ်လက်နက်များအနက် ဘေးအန္တရာယ်အကြီးမားဆုံးစစ်လက်နက်တစ်ခုဖြစ်သည်...ထိုအမြောက်ကြီးကို ၁၆၅ကီလိုမီတာ (၁၀၃မိုင်)အကွာမှ ရန့်သူပစ်မှတ်ကို ၉ပေရှည်လားသော ဒုံးကျည်အစင်းပေါင်း ၃၀၀ကိုတစ်နာရီအတွင်း ပတ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိလေသည်...
The Schwerer Gustav
download_1509454092906.jpg
The Schwerer Gustavအမြောက်ကြီးမှာနာဇီတို့တည်ဆောက်သော စစ်လက်နက်ကြီးများအနက် အစွမ်းထက်သော စစ်လက်နက်တစ်ခုဖြစ်သည်...ထိုအမြောက်ကြီးမှာ နာဇီတို့တည်ဆောက်သမျှ အမြောက်လက်နက်ကြီးများအနက် အကြီးမားဆုံး အမြောက်လက်နက်ကြီးဖြစ်သည်...အဆိုပါ အမြောက်ကြီးသည် ၈၀၀မီလီမီတာ အရွယ်အစားရှိ အမြောက်ဆန်ကြီးများကို ပစ်ခတ်နိုင်စွမ်းရှိလေသည်...Schwerer Gustavအမြောက်ကြီးမှာ အလွန်လေးလံသောကြောင့် ရထားသံလမ်းမှ သယ်ယူပို့ဆောင်ရသည်...နာဇီဂျာမနီတို့သည် ပြင်သစ်နိုင်ငံရှိ မက်ဂီနော့တ် ခံစစ်လိုင်းရှိ အဓိကခံတပ်ကြီးကိုဖျက်စီးနိုင်ရန်အတွက် ၁၉၃၀ပြည့်လွန်နှစ်များကာလတွင် Kruppလက်နက်ကုမ္ပဏီကတည်ဆောက်ခဲ့သော အမြောက်စစ်လက်နက်ကြီးဖြစ်သည်...အဆိုပါဧရာမအမြောက်လက်နက်ကြီး၏ အလေးချိန်မှာ ၁.၃၅တန်ရှိပြီး ခုနှစ်တန်လေးသော အမြောက်ဆန်များကို ပစ်ခတ်နိုင်စွမ်းရှိလေသည်...Schwerer Gustavအမြောက်ကြီးကို အချိန်သုံးရက်အတွင်း တပ်ဆင်နိုင်ပြီး လူအယောက်ပေါင်း ၂၅၀ကထိုအမြောက်ကြီးကိုပစ်ခတ်ရန်တာဝန်ထမ်းဆောင်ရသည်..နာဇီတို့တည်ဆောက်သမျှ စစ်လက်နက်များတွင် အဆိုပါစစ်လက်နက်ကြီးမှာ အရွယ်အစားအလွန်ကြီးမားပြီး လက်တွေ့အသုံးပြုနိုင်ရန်အခက်အခဲရှိသည်...ငုင်းမှာအလွန်ကြီးမားသဖြင့် ရန်သူ့ဗုံးကြဲလေယာဉ်များက အလွယ်တကူ ရှာတွေ့နိုင်သဖြင့် သိသာထင်ရှားသောပစ်မှတ်လည်းဖြစ်သည်...သို့ရာတွင် နာဇီဂျာမန်တို့က ရန်သူကိုတိုက်ခိုက်ချေမှုန်းရန်အတွက် မဖြစ်မနေတည်ဆောက်ခဲ့ကြပြီး ဆက်ဗာစ်တိုပိုလ်မြို့ နှင့် စတာလင်ဂရက်မြို့သိမ်းတိုက်ပွဲများတွင် အသုံးပြုတိုက်ခိုက်ခဲ့ကြသည်...နာဇီတို့က ထိုအမြောက်ကြီးဖြင့် အမြောက်ဆန်လေးဆယ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ရန်သူတို့ကဖမ်းဆီးရမိသွားကာ ထိုဧရာမစစ်လက်နက်အမြောက်ကြီးကိုဖျက်စီးခဲ့သည်...
MSU-006
Translate & Write-Htetlinnaung
Ref-https://en.m.wikipedia.org/wiki/List_of_German_military_equipment_of_World_War_II
အပိုင်း (၃)ဆက်ရန်

Sort:  

Congratulations @htetlinnaung! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ဗဟုသုတ ရပါတယ်

အပိုင်း၃ကို ​စောင့်​​နေပါမယ်

ဆက်​ပါဗျာ