အဖြစ်အပျက်

in #whilelife5 years ago

ငွေဆိုတာက ခင်မင်မှုလား
ငွေဆိုတာက ဆက်ဆံရေးလား
ငွေရှိမှသာ လူရာဝင်ဖို့
ငွေရှိမှသာ ဆက်ဆံရေးလဲ
ပြေလည်မှာပေါ့ ဟုတ်ဟုတ်မဟုတ်ဟုတ်
ငွေရှိမှသာ အပေါင်းသင်းပေါ
ဒါဟာဟန်ဆောင်မှု အသိနဲ့ပေါ့
မိတ်ဆွေ....။
အပေါင်းအသင်း မဆိုထားနဲ့
ငွေဆိုတာ မရှိထားရင်
မိဘဆွေမျိုး မောင်နှမလဲ
ကိုယ်နဲ့ခပ်ခွာခွာမှာပါ...။
ငွေဆိုတာ မရှိထားရင်
ပြဿ နာ သောင်းခြောက်ထောင်လောက်
ပုခုံးပေါ် တင်ရွက်ထားသလို
ဝန်သိပ်များတာ လူတိုင်းအသိ
တရားတဘောင် ရင်ဆိုင်ဖို့ရာ
ငွေမရှိထားရင် ငွေမျက်နှာ
ငွေရှင်ကြေးရှင် အများစုသာ
အောင်ပန်းဆင်နိုင် လူတိုင်းအသိပါ....။
ဒါ့ကြောင့်မို့လဲ ငွေဆိုတာက
Second The Godပါ...။
By,
November Tun