လိပ္

in #writing6 years ago

လိပ်များသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀ ပတ်ဝန်းကျင်ကပင် ဒိုင်နိုဆောသတ္တဝါများထက် ရှေးဦးစွာ ပေါ်ပေါက်ခဲ့ပြီး တွားသွား သတ္တဝါများအနက် ရှေးအကျဆုံး သတ္တဝါများလည်းဖြစ်သည်။

ဟာဝိုင်ယီမှ ပင်လယ်လိပ်
ပင်လယ်လိပ် ပြင်ဆင်
ကမ္ဘာနှင့်အဝှမ်း ပင်လယ်လိပ် မျိုးစိပ်များစွာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝကျော်မှစတင်၍ လူသားပယောဂကြောင့်သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း သိသာထင်ရှား လျှင်မြန်စွာ လျော့နည်းလာသည်ကို သုတေသနပညာရှင်များ၊ သိပ္ပံပညာရှင်များမှ သိရှိလာပြီး မျိုးသုဉ်းလုနီးပါး သတ္တဝါမျိုးစိပ် (Endangerd Species) အဖြစ် စာရင်းထည့်သွင်း သတ်မှတ်ကာ နိုင်ငံများစွာရှိ မျိုးထိန်းသိမ်းကာကွယ်ရေးအဖွဲ့အစည်းအသီးသီးမှ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။ ပင်လယ်လိပ်သားပေါက်များသည် သားစားသတ္တဝါများဘေးအန္တရာယ်ကြောင့် သဘာဝပင်လယ်ပြင်တွင် ရှင်သန်ရန်အခွင်အလမ်းအလွန်နည်းပါးလှပါသည်။ ပင်လယ်လိပ်များသည် အရွယ်ရောက်မျိုးပွားရန် နှစ်ပေါင်း ၃ဝမှ ၅ဝအထိ ကြာမြင့်တတ်ပါသည်။သံချပ်ကာတန်ဆာဝတ် ရေနေကုန်းနေသတ္တဝါ ပြင်ဆင်
ခန္ဓာကိုယ်တစ်ခုလုံး မာကျောသော အရိုးခွံဖြင့် ဖုံးအုပ်နေသဖြင့် ပုံပန်းသဏ္ဌာန်ရော အနေအထိုင် အသွားအလာပါ ထူးဆန်းသော သတ္တဝါ မျိုးဖြစ်သည်။ အချို့သည် ကုန်းပေါ်၌နေကြ၍ အချို့သည် ရေထဲ၌သာ နေ ကြသည်။ မြန်မာဘုရင်များလက်ထက်က လိပ်တိုက်ပွဲဟူ၍ အပျော်အပါး ကျင်းပခဲ့ဖူးလေသည်။ လိပ်များမျာ ထုံထိုင်းသောသတ္တဝါများဖြစ်သည်ဟု ထင်မှတ်ရသော်လည်း မျက်စိ၊ နား အလွန်အကင်းပါးသော သတ္တဝါများ ဖြစ်သည်။

လိပ်ကို အကြမ်းအားဖြင့် ကုန်းလိပ်၊ ပင်လယ်လိပ်ဟူ၍ နှစ် မျိုးခွဲခြားထား၏။ ကုန်းလိပ်သည် ကုန်းကိုခင်မင်သကဲ့သို့ ပင်လယ်လိပ် သည်လည်း ပင်လယ်ကိုခင်မင်သည်။ လိပ်ကို ကမ္ဘာတစ်ဝန်းလုံး၌တွေ့ရ၏။ ကမ္ဘာဟောင်းတွင် ကမ္ဘာသစ်မှာထက် လိပ်မျိုးစုံပေါများသည်။ ကုန်းလိပ်များ သည် ပင်လယ်လိပ်များကဲ့သို့ ခရီးများစွာ မသွားကြချေ။ အချို့ကုန်းလိပ် များသည် တစ်နေရာတည်းသို့ နှစ်စဉ်နှစ်တိုင်း ပြန်၍လာတတ်သည်ကို တွေ့ရ၏။ သို့သော် ပင်လယ်လိပ်များကား တစ်နေ့လျှင် မိုင်ပေါင်းများစွာကို ဥရောပတိုက်၊ အာရှတိုက်တောင်ပိုင်းနှင့် အာဖရိကတိုက်တစ်ဝန်းလုံးတွင် တွေ့ရ၏။ သူတို့၏ အသွားအလာ၊ အနေအထိုင်နှင့် သူတို့၏ ဘဝမှာ လွန်စွာပျင်းရိငြီးငွေ့ဖွယ်ကောင်းပေသည်။ကုန်းလိပ်မျိုးစဉ်အစစ်များမှာ ခြောက်သွေ့သော မြေပေါ်၌လည်း ကောင်း၊ သဲစပ်သောင်ပြင်နှင့် သဲကန္တာရအစွန်အဖျားတို့၌လည်းကောင်း ကျစ်စာတွင်းကလေးများ တူးယက်ကာနေကြ၏။ သူတို့သည် နေ့အချိန်တွင် ထိုတွင်းကလေးများ၌ အောင်းကာညဉ့်အချိန်များ၌ တရွေ့ရွေ့ အစာရှာထွက် တတ်သည်။ သူတို့စားသော အစာမှာလည်း ဆူးရှိသောရှားစောင်းပင်များ၊ မြက်ခြောက်များ၊ နွယ်ပင်ကလေးများဖြစ်၏။

ရေချို၌နေသည့် လိပ်များမှာမူ တွေ့မြင်ရာ အကောင်ကလေးများ ကို စားသောက်တတ်၍ ထိုအစာများမှာ ခရု၊ ဖားလောင်း၊ ဖား၊ ငါးကလေး များနှင့် ပုစွန်များဖြစ်သည်။ ဟင်းသီးဟင်းရွက်သာစားသော လိပ်များလည်း ရှိသေးသည်။

ထိုရေချိုလိပ်မျိုးမှာ ကုန်းတွင်ပျော်မွေ့ကြ၍ ကုန်းလိပ်ပင် ဆိုရ လင့်ကစား နွံအိုင်များ၊ ပွက်များ၊ ရေစပ်စပ်ရှိသော နေရာများတွင် မည် သည့်အခါမျှမတွေ့ရချေ။ သူတို့၏ နောက်ခြေများ၌ ရေကူးနိုင်ရန် ဘဲခြေ ထောက်မှာကဲ့သို့ ခြေချောင်းအကြားတွင် ဆက်စပ်နေသည့် အရေပြားမျိုး ရှိသည်ကုန်းလိပ်များသည် များသောအားဖြင့် အလွန်သဘောကောင်း သော သတ္တဝါများဖြစ်ကြ၍ မြေထဲ၊ သဲထဲတွင် ကျစ်စာများ ယက်ထုတ်ရ သည့် ကျင်းကလေးများကို တူးသည်မှ တစ်ပါး၊ အိပ်ခြင်း၊ စားခြင်း၊ အလ ဟဿနေခြင်းဖြင့်သာ အချိန်ကုန်စေသည့် အကောင်မျိုးဖြစ်၏။ ပိုးကောင် မွှားကောင်များကို ဟပ်မျိုသည်မှတစ်ပါး မည်သူ့ကိုမျှလည်း ရန်မမူတတ် ချေ။ သို့သော် အပြိုင်အဆိုင် အထီးနှစ်ကောင် တွေ့ဆုံမိကြသောအခါ တစ် ကောင်နှင့်တစ်ကောင် ကြောက်မက်ဖွယ်ကောင်းအောင် တိုက်ခိုက်သတ်ပုတ် တတ်လေသည်။ လိပ်ခွံချင်း ပြင်းထန်စွာ ရိုက်ခတ်ပြီးနောက် ဦးခေါင်းများ ကို ရှည်နိုင်သမျှ ဆန့်ထုတ်ကာ အသားပျော့ရှိရာ လည်တံ၌လည်းကောင်း၊ လက်ရင်း၌လည်းကောင်း တစ်ကောင်နှင့်တစ်ကောင် အကျိတ်အနယ်ကိုက်ခဲ ကြသည်။ ဤသို့ဖြင့် အပြင်းအထန် ဒဏ်ရာရကြသောအခါ စစ်ပွဲပြီး၍ မိမိ တို့အလိုရှိရာလမ်းကို ဆက်လက်သွားကြ၏။

အပျော်အပါးကြိုက်သော ရှေးမြန်မာဘုရင်များသည် ကျဉ်းမြောင်း သော ရေမြောင်းကလေးများထဲတွင် လိပ်များကို ရင်ဆိုင်ချကာ လိပ်တိုက်ပွဲ များကို ရံဖန်ရံခါ ကျင်းပခဲ့ဖူးလေသည်။

လိပ်များ၏ ထူးဆန်းသော အလေ့အကျင့်တစ်ခုမှာ နေ့ရော ညဉ့်ပါ မလှုပ်မရှား အိပ်စက်နေရုံနှင့် တင်းတိမ်အားရခြင်း မရှိသေးဘဲ တစ်နှစ်လျှင် တစ်ကြိမ်ကျ အနားယူအိပ်စက်တတ်ကြသေးခြင်းဖြစ်သည်။ အပူပိုင်းဒေသများ၌ အပူဆုံးလများကို ရွေးချယ်၍လည်းကောင်း၊ သမပိုင်း ဒေသများ၌ ချမ်းအေးစပြုလာသော အချိန်မှစ၍လည်းကောင်း မြေထဲတွင် လက်ယက်တွင်းများတူးကာ ငါးလ၊ ခြောက်လခန့် မည်သည့်အစာအာဟာရ မျှ မစားသောက်ဘဲ မလှုပ်မရှက် အနားယူအိပ်တတ်ကြသည်။ လိပ်များ၌ သွားမရှိချေ။ သို့သော် သူတို့၏ နှုတ်သီးနှင့်တူသော ပါးစပ်တွင် ကိုက်ဖြတ်ရန်ထက်မြက်သော အစွန်းများရှိ၍ ထိုးအစွန်းများဖြင့် အစားအစာများကို လွယ်ကူစွာ ဖြတ်တောက်စားသောက်သည်။ သို့သော် ဝါး ရာတွင် အလွန်အားစိုက်ရသည့် ဟန်ဖြင့်မြဲအောင် နင်းထားပြီးနောက် စား ပိုးနင့်၍ နေဘိသကဲ့သို့ လည်မျိုကို အထက်သို့မြေ|ာက်ချည်တစ်ခါ အောက် သို့နှိမ့်ချည် တစ်လှည့်မျိုဟပ်၍ ချတတ်လေသည်။နှစ်လခန့်အတွင်း၌ ဥများသည် နေ၏ အပူရှိန်ဖြင့်ပေါက်လာရာ ပေါက်စလိပ်ကလေးများသည် အသိုက်ဖြစ်သော တွင်းမှထွက်ခဲ့၍ သဘာဝ အတိုင်း ရေသို့တဖြည်းဖြည်းတွားဆင်းကြသည်။ သို့သော် အချို့မှာ ကုန်း ပေါ်တွင် သိမ်းများ၊ စင်ရော်များ၊ ကနန်းများ၊ မြွေများ၏ဘေးရန်ကြောင့် သေကြေကြ၍ ရေတွင် ငါးကြီးများ၊ မိကျောင်းများ ဝါးမျိုစားသောက်သဖြင့် ပျက်စီးကြရသည်။

ကုန်းလိပ်နှင့်ပင်လယ်လပ်တို့သည် ကိလိုနီယာမျိုးစဉ်တွင် ပါဝင် လေသည်။ အချို့ပါရဂူများကမူ ကုန်းလိပ်ကို တက်စတူဒီနေတာမျိုးစဉ်၊ ပင် လယ်လိပ်ကို ကဲလိုနီဒ မျိုးစဉ်တို့တွင် ပါဝင်သည်ဟု သတ်မှတ်ကြသည်။ ကုန်းလိပ်သည် ယင်း၏ဦးခေါင်းကို လုံးဝလိပ်ခွံအတွင်း သွင်းယူနိုင်သော် လည်း ပင်လယ်လိပ်ကမူ ယင်း၏ဦးခေါင်းကို တစ်စိတ်တစ်ဒေသသာ သွင်း ယူနိုင်လေသည်။[၄]

Sort:  

Congratulations @kaungkinmaymay! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!