လူငယ်ယဉ်ကျေးလိမ္မာ ဆောင်ပါး
in #zappl7 years ago
image
"​ဟေ့ ... အ​ကောင်​ လို့ မ​ခေါ် နဲ့ ..."
" ​ဟေ့ ​ကောင်​​ လို့လည်း မ​ခေါ် နဲ့ "
•••••••••••••••••••••••••••••
ကျွန်​​တော်​တို့ က​လေးတွေကို
လက်​အုပ်​ချီ နှုတ်​ဆက်​တဲ့ အကျင့်​က​လေး
လုပ်​​ပေးတဲ့အခါ
" လူအခွင့်​အ​ရေး နှင့်​ က​လေးသူငယ်
အခွင့်​အ​ရေး " လမ်းညွှန်​ မှု​တွေက
လူသားချင်း နှိမ်​ချဆက်​ဆံတယ်​လို့
ဆို​လေမလား၊
မိမိရဲ့ ရင်​ညွှန့်​​လေးမှာ လက်​အုပ်​ကိုချီပြီး...
" မင်္ဂလာပါ ခင်ဗျာ " လို့နှုတ်​ဆက်​ခြင်းကို...
ဘုရားမ​ဟောခဲ့ဘူး ၊
မြန်​မာမှာ ဒါမျိုးနှုတ်​ဆက်
တာမရှိဘူးလို့ အများက ဆိုချင်​ကြတယ်​၊
မည်​သို့ပင်​ဖြစ်​​စေ နှုတ်​ဆက်​ခြင်း ရဲ့...
အမှန်​တရားကို​ဖေါ်ညွှန်းပြီး 
မေတ္တာ တရားကို ​တော့ ဘယ်​သူမှ
ဥ​ပေက္ခာ မပြုနိုင်​ခဲ့ပါဘူးဗျာ။
  • ဘာ​ကြောင့်​ရှက်​​နေရသလဲ*
    နှင်း​တွေ ​ဝေ ​နေတဲ့ကြာသာပ​​တေး ​နေ့
    တစ်​ရက်​ ဖိုး​ကျော်​ နှင့်​ သူ၏သူငယ်​ချင်း...
    မင်းဟိန်း တို့ ​ကျောင်း အလာမှာ
    ဖိုး​ကျော်​ က .....
    " ​ဟေ့ ​ရောင်​ မင်းဟိန်း..ငါ..
    ကျောင်းမတက်​ချင်​ဘူးကွာ ... မ​နေ့က
    အိမ်​စာ​တွေ မလုပ်​ခဲ့ဘူး"
    " လုပ်​လာပြီ မင်းကလည်း "
    " ဘာဖြစ်​လို့မလုပ်​လာတာလဲ..မြန်​မာစာ
    ဆရာမကြီး ​ဒေါ်သက်​ထားက
    " ညက အ​မေ ရင်​ကြပ်​​နေလို့...
    ငါ ​ကျောကုန်း နှိပ်​​ပေးမယ်​ဆို​တော့လည်း
    မဟုတ်​ပြန်​ဘူး.. "
    " ဟဲ့​ကောင်​​လေး နင့်​စာ နင်​လုပ်​တဲ့..."
    " ဒီ​လောက်​​ချောင်းဆိုး​နေတာ...
    ငါ.... စာဘယ်​လိုလုပ်​မလဲ ကွာ .."
    image
    ဖိုး​ကျော်​ ဆိုတာ ရွာလယ်​ လမ်းမ​ဘေးမှာ
    အ​ကြော်​ ​ရောင်းတဲ့ မပု ရဲ့ တစ်​ဦးတည်း​သော သား​လေးပါ..
    ဖ​အေဖြစ်​သူက အရက်​​သောက်​လွန်​ပြီး
    ဆုံးပါးသွားကတည်းက
    သားအမိနှစ်​​ယောက်​ ရုန်းကန်​လာခဲ့ရတာ၊
    ဖိုး​ကျော်​က​တော့ ဖ​အေ မရှိတဲ့​နောက်​ပိုင်း
    ဆိုးချင်​တိုင်း ဆိုး​နေတာ​ပေါ့​လေ...က​လေး
    အရွယ်​ ဆို​ပေမဲ့ ၅ တန်း​ကျောင်းသား​ပေါ့....
    မင်းဟိန်းက ​စကားစ၍ ​ပြောလာသည်
" ​အေးကွ ငါလည်း ​ဆရာမ
ဒေါ်သက်​ထားကြီးနဲ့
မတည့်​ဘူး ဒီ​နေ့သူက စာ​မေးမှာ....
အဲ​တော့ ငါတို့ ဘယ်​သွားမလဲ..."
" ငါးသွားပက်​မယ်​ကွာ..​ကျောင်းအင်္ကျီ​တွေ
ချွတ်​ပြီး ပက်​ရင်​ အိမ်​က မသိဘူး​ပေါ့ "
" ​အေး ​ကောင်းတယ်
ဒီအချိန်​မြောင်းထဲမှာ ရေခမ်းလုပြီ"
 " ​ဟေ့​ကောင်​ ဖိုး​ကျော်​..ဒေါ်သက်​ထားကြီး
က ငါတို့ကို သူများအသက်​မသက်​ရဘူးလို့
မှာထားတယ်​​နော်​ "
   " အိုဘာဖြစ်​လဲကွာ သူ​တောင်​ ငါတို့ကို
ဟဲ့ ...​ကောင်​​တွေ လို့ ​ခေါ်​သေးတာပဲ....
အေး ..ဒါနဲ့ မင်းဟိန်း ..မင်း ကို
မင်းအ​မေ က ဘယ်​လို​ခေါ်လဲ.."
   " သား​လေး လို့ ​ခေါ်တာ​ပေါ့ကွ အ​မေပဲ
  ကိုယ့်​သားကို သား​လေးလို့ မ​ခေါ်လို့
  ဘယ်​လို​ခေါ်ရမလဲ "
 ဖိုး​ကျော်​၏ အ​တွေးများက တစ်​ရွာလုံးမှ
စွန့်​ပြစ်​ထား​သော အမှိုက်​ပုံမှ
ခွေး အ​လေလွင့်​​လေးဆီသို့
စူးစိုက်​ကြည့်​ ​နေပြီး...
  * ငါ့ ကို ​လေ...ငါ့ ...အ​မေက...
   " ဟဲ့.. ​ကောင်​​လေး လို့ ပဲ ​ခေါ်တယ်​..
  ငါ  ​လေ... အ​မေ့ နှုတ်​ဖျားက​နေပြီး...
   သား​ရေ... သား​လေး​ရေ လို့​ခေါ်တာကို
  အရမ်းကြားချင်​ တာပဲ မင်းဟိန်း ရာ.."
   " ​အေး.. ငါအကြံရပြီ...ဖိုး​ကျော်​....
မင်းရဲ့ အ​မေ ကို  မင်း အိပ်​ယာဝင်​ခါနီး ..
ရှိခိုးကန်​​တော့ပြီးမှ .. အိပ်​ပါလား...
အဲဒါ ​ဒေါ်သက်​ထားကြီး 
 တစ်​ခါ​ပြောဖူးတယ်​"
" မိဘ​တွေ ကို ကန်​​တော့ပြီးမှအိပ်​ရင်
မိဘကလည်း ကိုယ့်​ကို ပိုချစ်​တယ်​တဲ့ကွ "
" ​အေး အဲဒါဆို ငါ ...ညကျရင်
 လုပ်​ကြည့်​မယ်​ကွာ.."
ဆောင်းမပီဟု ဆိုရ​လောက်​​အောင်​ ...
ဒေါ်ပု အဖို့မှာ​တော့ ​ချွေးနဲ့ တလုံး ..
မနက်​အ​စော အ​ကြော်​အတွက်
မုန့်​ကြိတ်​ရ​ပေသည်​၊ အချိန်
သည်​ ည ၉ နာရီ​ကျော်​​လေပြီ...
ဖိုး​ကျော်​တစ်​​ယောက်​ အိမ်​​ပေါ်မှ ​နေ၍...
အ​မေ အိမ်​​ပေါ်တက်​အလာကို
ချောင်း​နေသည်​၊
ရင်​ထဲမှာ ပူသလို ဟာသလို ​ပျော်​သလို...
ဝမ်းနဲသလို နှင့်​​ပေါ့ ...
အ​မေက တက်​မလာ​သေး
အိပ်​ချင်​​နေပြီ...
အ​မေ့ကို ​မေးကြည့်​မှ ပဲ..​လေ..
   " အ​မေ မပြီး​သေးဘူးလားဗျ ...
     ဆယ်​နာရီထိုး​တော့မယ်​ထင်​တယ်​.."
" ဟဲ့​ကောင်​​လေး နင်
 အခုထိမအိပ်​​သေးဘူးလာ ​ဟေ...
 မနက်​ မထနိုင်​ရင်​​တော့ ​သေပြီသာမှတ်​"
 အိပ်​​တော့​လေ "
မတတ်​နိုင်​​တော့ပြီ အ​မေကို
ထပ်​တွန့်​မတက်​ရဲ
အဲဒီ​တော့ မထူဘူး အ​မေ့အစား ...
" ​ခေါင်းအုံး " ကိုပဲ ရှိခိုးအိပ်​မည်​.
အမှန်​တစ်​ကယ်​ ဝန်​ခံရလျှင်​လည်း
အ​မေ့ကို ထိုင်​ခိုင်းပြီး
ဖိုး​ကျော်​ မကန်​​တော့ ရဲ ရှက်​သည်​၊
ကြောက်​သည်​ ....
ဒီလိုနှင့်​ ညဘက်​ အ​မေ အလုပ်​ပြီး
သည်​အထိ မ​စောင့်​​တော့ပဲ 
" ​ခေါင်းအုံး " ကို ရှိခိုးကန်​​တော့
အိပ်​လိုက်​တာ တစ်​ပတ်​ ပြည့်​ပြီ....
အ​မေက​တော့ ​ခေါ်မြဲတိုင်း..
"ဟဲ့ ​ကောင်​​လေး"
ဟုသာ​ခေါ်သည်​။
" ​ဟေ့​ရောင်​ ဖိုး​ကျော်​ မင်းအ​မေ ...
မင်းကို ... သား​လေးလို့​ခေါ်ပြီလား.."
မင်းဟိန်းလျှာတစ်​လစ်​နှင့်​ ​မေးသည်​....
" မ​ခေါ်ပါဘူး မင်းဟိန်းရာ ....
မင်း​ပြောသလို...ကန်​​တော့ တာပဲ...
တစ်​ပတ်​ရှိပြီ.."
ဆရာကြီးမင်းဟိန်း..က
" မင်း ဘယ်​လို ကန်​​တော့လို့လဲ "
" ငါ...ညဖက်​ အိပ်​ခါနီး အ​မေ့ကို ရည်​စူးပြီး
ခေါင်းအုံး ကို ကန်​​တော့ တယ်​​လေ.."
" ရမလားကွ ​ခေါင်းအုံး ကန်​​တော့လို့ "
" အ​မေကလည်း မအားတာများတယ်​ကွ
နေ့ခင်းတ​နေကုန်​ အ​ကြော်​​ကြော်​ ​ရောင်း...
ညကျ​တော့.. မုန့်​ကြိတ်​ ပြင်​ဆင်​ရနဲ့ .."
" ဟာမရဘူး... ဒီည​တော့ မင်း အ​မေကို
ဘုရားစင်​​အောက်​ ​ခေါ်ပြီး ကန်​​တော့ ...
ကြားလား.."
" ​အေး ကွာ ငါ ကြိုးစားကြည့်​ဦးမယ်​ "
  ဒီည ​တော့ နဲနဲ​အေးလာတယ်​...အ​မေ
အ​မေအလုပ်​လုပ်​ရင်း ​ချောင်းဆိုးသံ
အဆက်​မပြတ်​ကြား​နေရတယ်​...
  " အ​မေ... အ​မေ.... အ​မေ.."
အ​မေက လှည့်​မကြည့်​ ...
"ဟဲ့​ကောင်​​လေး မအိပ်​​သေးပဲ ဘာလဲ."
  " အ​မေ ​ချောင်း​တွေအရမ်းဆိုး​နေတာ
 နားလိုက်​​ပါ​တော့လား... အ​မေရယ်​."
ဒီတစ်​ကြိမ်​တွင်​​တော့ ​ဒေါ်ပု ..
ဖိုး​ကျော်​ဘက်​သို့ လှည့်​ကြည့်​ပြီး ...
ခေါင်းညိတ်​ပြသည်​၊
ဒေါ်ပု အိမ်​​ပေါ်တက်​​တော့ .. ဖိုး​ကျော်
အ​နောက်​က အ​ပြေးက​လေးလိုက်​သည်​၊
" အ​မေ.... အ​မေ.... အ​မေ..."
" ဟဲ့​ကောင်​​လေး နင်​ဘာဖြစ်​​နေလဲ...
မအိပ်​​သေးပဲ နဲ့.."
" အ​မေ... အ​မေ့ကို ​လေ ..သား
ကန်​​တော့ပြီးမှ အိပ်​ချင်​တယ်​ "
" ဟင်​ !!! ဘာ​ပြောတယ်​.. နင်​ဘာများ
အရူးထ​နေတာလဲ ထူးထူးခြားခြား "
" အ​မေ မင်းဟိန်းက ​ပြောတယ်​...
အ​မေ့ကို ရှိခိုးကန်​​တော့ ပြီးမှ 
အိပ်​ယာဝင်​ရင်​.​လေ
မင်းကို ..  မင်း အ​မေ က
" သား​လေး" လို့
ခေါ်လိမ့်​မယ်​တဲ့... သား​လေ....
 သား...
 အ​မေ့ကို ကန်​​တော့အိပ်​မယ်​ ....
 သားကို ​လေ... 
" သား​လေး....သား​လေး..
သား​လေး...လို့​ခေါ်ပါ​နော်​အ​မေ....
 သား​လေ...အ​မေ​ခေါ်တဲ့ "သား​လေး" 
  ဆိုတဲ့ အသံကို အရမ်းကြားချင်​ တယ်​...
 အ​မေရယ်​.... ​နော်​...
တိတ်​ဆိတ်​ သွား​သော ​ဒေါ်ပု ၏ ပါးပြင်​မှာ
မျက်​ရည်​ ​တွေလိမ့်​ကာလိမ့်​ကာ
စီးဆင်းလာလို့​ပေါ့
မီးအပူဟပ်​ထားခံရသည့်​မျက်​နှာ၊
အမြဲလိုလို တင်းမာ​နေသည့်​ မျက်​နှာမှာ
မလှမပ အညတရ တို့၏
မြင်​ခဲလှသည့်​ မျက်​ရည်​စ​တွေနဲ့ ​ပေါ့...
အ​မေလည်း လူးသားပဲ​လေ ..
ချစ်​တတ်​မုန်းတတ်​..ဝမ်းနည်းတတ်
တာ​ပေါ့...လို့... သား​လေးရယ်​ ...
ကံကြမ္မာ ရဲ့ အကျိုး​ပေး​ကြောင့်
ရင့်​မာ​နေရတဲ့ ဘဝ​တွေ မှာ
နူးညံ့ မှု ​ပျော့​ပျောင်းမှုနဲ့....
ချစ်​ခြင်းတရား​တွေဟာ ရင်​တွင်းမှာ
ကိန်း​အောင်းရှင်​သန်​​နေတာ​ပေါ့လို့... အ​မေ့ကို​လေ....
လူကြမ်းမကြီးလို့များ ...သား...
ထင်​​နေသလား...ထင်​​နေမလား...
" သား​လေး " ရယ်​....
အ​မေသား​လေးကို​လေ...
သား​လေး...
သား​လေး...
လို့ အမြဲ အမြဲ ​ထာဝရ ​ခေါ်ပါ့မယ်​ ...
သား​လေးရယ်​.
အ​မေချစ်​တဲ့ သား​လေး ရယ်​။
အ​မေပု ၏ ရင်​တွင်းစကားတို့သည်​...
သားကိုချစ်​သည့်​ အ​ဖြေ..သားကိုခင်​တွယ်
လွန်းသည့်​အ​ဖြေ၊ သားကို​တော်​​စေချင်​...
တိုးတက်​​စေချင်​လွန်းသည့်
အ​ဖြေ​တွေဟာ...
ရင်​ထဲမှာ...နင်​ရှိုင်းသည့်​ရင်
ရင်​တွင်​ထဲမှာသာ
သိုသိပ်​ ပိတ်​ဝှက်​ထားရင်း ...။
     အ​မေများကိုချစ်​တဲ့...   ​မော်​ပီသား၊
ဆရာ​မောင်​ချို​ဝေ ၏ ယဉ်​​ကျေးလိမ္မာ
သင်​တန်းမှ စကားလုံးများကို.....
ကျွန်​​တော်​မှ စာ အဖြစ်​ခံစားတင်​ပြပါသည်​။ image
Sort:  
Congratulations @tinmglwin! You received a personal award!
Happy Birthday! - You are on the Steem blockchain for 1 year!
Click here to view your Board
Support SteemitBoard's project! Vote for its witness and get one more award!
Congratulations @tinmglwin! You received a personal award!
Happy Birthday! - You are on the Steem blockchain for 2 years!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!