ပန်းတိုင်အစစ်
ဒီနေ့တော့ ဘ၀ပန်းတိုင်းအကြောင်းလေးရေးလိုကိပါတယ် လူတိုင်းမှာပန်းတိုင်တွေရည်မှန်းချက်တွေ အမျိုးမျိုးရှိကြသလိုအဲ့ဒီရည်မှန်းချကိတွေအောင်မြင်ဖို့ကိုလည်း ကြိုးစားကြတယ် ဒါပေမဲ့လူတယောက်ရဲ့ ရည်မှန်းချက်တွေပန်းတိုင်တွေဟာသေသည်အထိ မဆုံးပဲဖြစ်နေကြတယ်
ဘာလို့မဆုံးတာလဲ ဆိုတဲ့ မေးရင် မဆုံးတဲ့ပန်းတိုင်ကိုလျှောက်နေကြလို့ပါ
လူအများစုက ချမ်းသာချင်တယ် အောင်မြင်ကျော်ကြားချင်ကြတယ် အဲဒီပန်းတိုင်းကိုလျှောက်နေသရွေ့ ပြီးဆုံးသောပန်းတိုင်ကိုရောက်မှာမဟုတ်ပါဘူး ချမ်းသာလာလေ ပိုချမ်းသာချင်လေ ကျော်ကြားချင်လေ ပိုပြီးအောက်မြင်ကျော်ကြားချင်လေ ပါပဲ ဘာကြောင်လဲဆိုတော့ တဏှာဦးဆောင်တဲ့ဘ၀ မှာ ပြည့်စုံတယ်ဆိုတဲ့ပန်းတိုင်ဘယ်ရှိနိုင်မလဲ ရည်မှန်းချက်ပန်းတိုင်ဆိုတာ ထားသင့်ပါတယ်ဒါပေမဲ့ တင်းတိမ်ရောင့်ရဲမို့တော့လိုတယ်
မတင်းတိမ်မရောင့်ရဲနိုင်ရင် ရည်မှန်းချက်တွေပန်ူတိုင်တွေရောက်ဖို့ ဘယ်သူ့ကိုမဆိုနင်းတက်တာတို့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုပြီး လုပ်တဲ့အခါမှာ နောင်မှာနောင်တ အကြီးအကျယ်ရတတ်တယ် လူတွေကနားကြားကောင်းအောင်ပြောနေကြတဲပန်းတိုင်တို့အောင်မြင်မှုတို့ဟာ ငွေမှာလမ်းဆုံးပါတယ်
ဥပမာ ဆရာဝန်ဘာလို့ဖြစ်ချင်လဲဆေးကုဖို့ ဆေးကုရင်ပိုက်ဆံရမယ် အခုခေတ်မှာ အသပြာဆရာဝန်တွေများပါတယ် အလကားကုပေးလား
ဒီလိုပဲ အင်ဂျင်နီယာဖြစ်ချင်တယ် ဘာလုပ်ဖို့လဲ ထီထွင်ဖို့ ဘာလိုီ့ထွင်ချင်တာလဲပိုက်ဆံရချင် အောင်မြင်ကျော်ကြားချင်လို့ပါ အဲ့တာတွေက တစ်ဘ၀စာတနပ်စာအတွက်ပါ အဲဒီတစ်ဘ၀စာတနပ်စာနဲပဲအချိန်ကုန်ခံနေမှာလား
ဒါဆို ပန်းတိုင်အစစ်ကဘာလဲ သံသရာမှလွတ်မြောက်ခြင်း နိဗ္ဗာန် ဟာပန်းတိုင် အစစ်ပါ
အဲဒီပန်းတိုင်ကတော့ အောင်မြင်ကျော်ကြားမှုအတွက် အလုပ်လုပ်တာမဟုတ်ပဲ ငြိမ်းချမ်းခြင်းအတွက် အလုပ်လုပ်တာပါ ဘာငြိမ်းချမ်းချင်တာလဲမေးရင်ဒုက္ခ ဆင်းရဲခြင်းတွေချုပ်ငြိမ်းလို့ အဲဒီပန်းတိုင်မှာနောင်တဆိုတာလဲမရှိဘူး
ဒါကြောင့် ဘ၀မှာ ဆရာဝန်၊ အင်ဂျင်နီယာ ၊စစ်ဗိုလ် ၊သူဌေး ဆိုတဲ့အောင်မြင်ကျော်ကြားမှု ပန်းတိုင်အတုတွေနဲ့ပဲအချိန်ကုန် မခံပဲနဲ ငြိမ်းချမ်းခြင်းဆိုတဲ့ ပန်းတိုင်အစစ်ကိုလည်းလျှောက် ကြပါဦးလို့သတိပေးရင်း ......
ဖတ်ရှုသူအားလုံးကိုကျေးဇူးတင်လျက်
Msc236
@soeyan
Photo credit facebook
နှိုင်းယှဉ်ဖော်ပြတဲ့အရေးအသားလေးတွေကို ကြိုက်မိပါသည်
ငြိမ်းချမ်းဖို့ကြိုးစားနေပါတယ်ရှင်။
ပန်းတိုင်အစစ်မရောက်လိုက်ပဲ အချိန်တွေကုန်ဆုံးသွားရင် အရှုံးကြီးနဲ့ရင်ဆိုင်ရမှာရယ်
တော်သေးတယ် ဘုရားပုံမထည့်မိမှာဆိုးလို.သဓိလာပေးတာ
ကိယ်အထာနဲ့ကိယ်ပဲ:-)
တစ်ဘဝပန်းတိုင်နဲ့သံသရာပန်းတိုင်ကခွဲခြားထားရတာပါပဲ
အရေးအသားလေးကောင်းပါတယ်ဗျာ
ကျေးဇူးပါ
ရေးထားတာကောငိးတယ်👍
Thank
သတိထားစရာပေါ့ဗျာ
ဝမ်းသာပါတယ်ဗျာ
ဂွတ် 😁😁
thank:-)
ပန်းတိုင်တိုလေတွေချထားတပေါ့ဗျာ